နှုတ်ခမ်းဆိုးဆေးလေး တာရှည်ခံအောင်
01-Mar-2017
အစာနဲ့ ထိတွေ့ခြင်း၊ ရေသောက်ခြင်း စသည့် နှုတ်ခမ်းသား ထိတွေ့မှုများခြင်းတို့ကြောင့်လည်း နှုတ်ခမ်းနီ ပျက်လွယ်တတ်ပါတယ်။ ဒီလိုဖြစ်တာမျိုးကို ကာကွယ်ချင်ရင်တော့ Lipliner ဟာ မိမိဆိုးမယ့် နှုတ်ခမ်းနီအရောင်နဲ့ အနီးစပ်ဆုံးတူဖို့တော့ လိုပါတယ်။၎င်းကို နှုတ်ခမ်းအနားတစ်လျှောက် နေရာလပ်မကျန်အောင် ဂရုတစိုက် ဆွဲပေးပြီးမှ အတွင်းဘက် နှုတ်ခမ်းများကို နှုတ်ခမ်းဆိုးဆေး ဖြည့်ဆိုးပေးခြင်းကို ပြုလုပ်ပေးပါ။ နှုတ်ခမ်းဆိုးအရောင်ထက် Lipliner အရောင်ကို ပိုရင့်တာမျိုး မရွေးချယ်ပါနဲ့။ Lipliner ဟာ မပျက်ဘဲ ကျန်နေတတ်ပြီး နှုတ်ခမ်းဆိုးဆေးသာ ပျက်တတ်တဲ့အတွက်ကြောင့်ပါပဲ။ Lip-linerဆွဲရာမှာလည်း အပေါ်နှုတ်ခမ်းအလယ်မှ စပြီး အပြင်ဘက်ကို ဆွဲသွားပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ Lip-liner မသုံးခင် ၎င်းခဲတံကို ရေခဲသေတ္တာထဲ ထည့်ထားပေးပြီးမှ ခဲတံကိုချွန်လျှင်ဖြင့် လှလှပပပုံဖော်နိုင်မှာပါ။တကယ်လို့ သင့်နှုတ်ခမ်းက ခြောက်သွေ့ခဲ့မယ်ဆိုရင် နှုတ်ခမ်းဆိုးရာမှာ Cream ဖော်မြူလာနဲ့ ထုတ်လုပ်ထားတဲ့ Lipliner မျိုးကို ရွေးချယ်ပါ။ ပထမဦးစွာ ပါးစကိုဟပြီး နှုတ်ခမ်းသားထိပ် (သို့) အောက်မှ နှုတ်ခမ်းထောင့်များသို့ ဆွဲပြီး ပထမတစ်ခေါက်ဆိုးပြီးမှ ကြာရှည်ခံစေဖို့ ဒုတိယအကြိမ်ထပ်မံဆိုးပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, October 2015, Pg. 24
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
